Individual Loan

Individual Loan

lucid origin a modern flatstyle digital illustration depicting 1
Individual Loan

ရည်ရွယ်ချက် – မြန်မာနိုင်ငံရှိ ကိုယ်ပိုင် အသေးစား/အလတ်စား လုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းချဲ့ထွင်နိုင်ရန်၊ အကျိုးအမြတ်ရရှိနိုင်ရန် လုပ်ငန်း မ,တည်ငွေကို ထောက်ပံ့ကူညီပေးကာ မြန်မာ့စီးပွားရေး တိုးတက်မှုအတွက် တစ်တပ်တအား ပါဝင်ဆောင်ရွက်ပေးရန် ရည်ရွယ်ပါသည်။

ချေးငွေထုတ်ယူရန် လိုအပ်ချက်များ

၁။ အသင်းသား (သို့မဟုတ်) အိမ်ထောင်စုစာရင်းအရ အတူရှိနေသူက အိမ်ပိုင်ဆိုင်ရမည် ဖြစ်သည်။ ဂရမ် (သို့) စာချုပ်၊ စလစ် ပိုင်ဆိုင်ကြောင်း အထောက်အထားမူရင်းကို ချေးငွေတာဝန်ခံအား စစ်ဆေးနိုင်အောင် ပြသရမည်။အထောက်အထားစာရွက်စာတမ်း မိတ္တူပေးရမည်။

၂။ ချေးငွေပမာဏ သိန်း ၃ဝ ကျော်လျှင် အာမခံ ၂ယောက် ၊

သိန်း ၃ဝ နှင့် သိန်း ၃ဝ အောက်ဆိုလျှင် အာမခံ ၁ယောက် ရှိရမည်ဖြစ်ပြီး

အာမခံသည် ချေးငွေထုတ်ယူသူနှင့် လုပ်ငန်းအခြေအနေ တူညီသော ပြင်ပလူ/အသိမိတ်ဆွေ ဖြစ်ရမည်။

၃။ တခြားကုမ္ပဏီတွင် Individual Loan ရှိပါက ထိုတခြားကုမ္ပဏီတွင် ချေးထားသော ချေးငွေလက်ကျန်ကို အသင်းသား မိမိကုမ္ပဏီတွင် ထုတ်ချေးနိုင်သော ပမာဏထဲကနေ နှုတ်ကာ ထုတ်ချေးနိုင်သည်။ (သို့သော် ထုတ်ချေးငွေ ပမာဏသည် အများဆုံး သိန်း ၄ဝ ကျော်လို့ မရပါ။)

၄။ ကာယကံရှင်နှင့် အာမခံပေးသူ နှစ်ဦးတို့တွင် အိမ်ပိုင်ဆိုင်ခြင်း ရှိ/မရှိကို အတည်ပြုစစ်ဆေးနိုင်ရန် အိမ်ပိုင်ဆိုင်ကြောင်းနှင့် အမှန်တကယ် နေထိုင်ကြောင်း ထောက်ခံစာကို သက်ဆိုင်ရာ ရပ်ကွက်(သို့) ကျေးရွာ မှ တာဝန်ရှိသူများဆီမှ ယူဆောင်ပေးရမည်။

၅။ မိမိတို့ အသင်းသားဖြစ်ပါက စုရပ်တွင် စည်းကမ်းကောင်းမွန်သူဖြစ်ရမည်ဖြစ်ပြီး ၊ အပြင်မှလာရောက် အဆိုပြုသူဖြစ်ပါက ရပ်ကွက် ကျေးရွာတွင် အတည်တကျနေထိုင်ပြီး စာရိတ္တ ကောင်းမွန် ၍ ရိုးသားစွာလုပ်ကိုင် နေထိုင်သူဖြစ်ရမည်။

၆။ ဥပဒေနှင့်အညီ တရားဝင် လုပ်ငန်းလုပ်ကိုင်နေသူဖြစ်ပြီး ဝင်ငွေရှိသောလုပ်ငန်းကို တစ်နှစ်နှင့် အထက် လုပ်ဆောင်နေရမည်။

၇။ အသင်းသားသည် ထုတ်ချေးငွေ၏ ၅ဝ% နှင့် အထက် လုပ်ငန်းလုပ်ကိုင်ငွေ ပိုင်ဆိုင်မှု ရှိနေရမည်။

၈။ စိုက်ပျိုးရေး ၊ မွေးမြူရေးကဲ့သို့ ပုံမှန် ဝင်ငွေမရှိသောလုပ်ငန်း လုပ်ကိုင်သူများ ဖြစ်၍ မရပါ။ လစဉ် ပုံမှန် ဝင်ငွေရသော  လုပ်ငန်းမျိုး လုပ်ကိုင်သူဖြစ်ရမည်။

ချေးငွေပြန်လည်ဆပ်ရမည့် ကာလ၊ အကြိမ်ရေ နှင့် အသင်းသား ပေးဆပ်ရမည့်ငွေ
ချေးငွေပြန်ဆပ်မှု ကာလ
အကြိမ်ရေ
စာရွက်စာတမ်းကြေးနှင့် ဝန်ဆောင်ခ (%)
လူမှုဖူလုံရေး ထောက်ပံ့ငွေ (%)
မဖြစ်မနေ စုဆောင်းငွေ
၂၈ရက်
၁ဝ ကြိမ်
၂.ဝ
ဝ.၅
၄.ဝ (ချေးငွေထုတ်သော နေ့မှစ၍ စအပ်နှံရန်။)
၁၂ ကြိမ်
၂.၅
ဝ.၅
၁၈ ကြိမ်
၃.၅
၁.ဝ
၂၄ ကြိမ်
၅.၀
၁.ဝ

ချေးငွေထုတ်ယူရန် လိုအပ်ချက်များ

၁။ အသင်းသား၏ အိမ်ထောင်ဦးစီးမှ ချေးငွေနှင့် ပါတ်သက်၍ သဘောတူကြောင်း လက်မှတ်ရေးထိုးရမည်။ (အသင်းသားမှ အိမ်ထောင်ဦးစီး ဖြစ်နေခဲ့လျှင် မိသားစုထဲမှ တာဝန်အယူနိုင်ဆုံး လူတစ်ဦးနှင့်  မဖြစ်မနေတွေ့ဆုံပြီး တာဝန်ယူကြောင်း လက်မှတ်ရေးထိုးပေးရန် လိုအပ်သည်။)

၂။ တရားဝင်လိုင်စင်ရှိပြီး လိုင်စင်ပြနိုင်သော လုပ်ငန်းများကို ဦးစားပေးပါသည်။ (မူရင်း(သို့မဟုတ်) မိတ္တူ ပေးနိုင်ရမည်)

၃။ အလုပ်အကိုင်သည် ဥပဒေနှင့် လွတ်ကင်းရမည်။  ငွေထုတ်ပေးပြီး  ရက်သတ္တပါတ်(၄)ပါတ်(၁ လ)အတွင်း  ဝင်ငွေရသော   လုပ်ငန်းအမျိုးအစားဖြစ်ရမည်။   

၄။ အသင်းသားသည် လုပ်ငန်းလည်ပတ်နေသည့် အခြေအနေများကို NongHyup Finance Myanmar က (၃)လ တစ်ကြိမ်လာရောက်စစ်ဆေးကြည့် ရှုခြင်းကို သဘောတူလက်ခံရမည်။

၅။ချေးငွေအတိုးနှုန်းသည် တနှစ်လျှင်၂၈%(ရာခိုင်နှုန်း) ထက် မပိုပါ။

၆။ချေးငွေအား အတိုးအရင်း အညီအမျှ လစဉ်ပုံမှန် ပြန်လည်သွင်းရမည်။                          

Scroll to Top