20260903 112626

ရေဘေးသင့် အသင်းသားများအား NongHyup Finance Myanmar မှ ကူညီလှူဒါန်းခြင်း

ရန်ကုန်၊ ဇူလိုင် ၃၀၊ ၂၀၂၆

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့မှစတင်၍ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်နှင့် ကျုံပျော်မြို့နယ်တို့တွင် ငဝန်မြစ်ရေမြင့်တက်မှုနှင့် လေးမျက်နှာရေကာတာ ကျိုးပေါက်မှုတို့ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပါသည်။

အဆိုပါ ရေဘေးအခြေအနေများကြောင့် NongHyup Finance Myanmar ၏ အသင်းသားများအနေဖြင့်လည်း အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရှိရပါသည်။

ထို့ကြောင့် ရေဘေးသင့် အသင်းသားများ၏ လတ်တလော စားဝတ်နေရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ NongHyup Finance Myanmar Co., Ltd. မှ ရေကြည်မြို့နယ်နှင့် ကျုံပျော်မြို့နယ်ရှိ ရေဘေးသင့် အသင်းသား (၁,၃၂၇) ဦးအတွက် ခေါက်ဆွဲခြောက်များကို ကူညီလှူဒါန်းပေးခဲ့ပါသည်။ ..

ထို့ကြောင့် ရေဘေးသင့် အသင်းသားများ၏ လတ်တလော စားဝတ်နေရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ NongHyup Finance Myanmar Co., Ltd. မှ ရေကြည်မြို့နယ်နှင့် ကျုံပျော်မြို့နယ်ရှိ ရေဘေးသင့် အသင်းသား (၁,၃၂၇) ဦးအတွက် ခေါက်ဆွဲခြောက်များကို ကူညီလှူဒါန်းပေးခဲ့ပါသည်။.

“အခက်အခဲကာလတိုင်းမှာ အသင်းသားများနှင့်အတူ ရပ်တည်ပေးနေသော NongHyup Finance Myanmar”

ရေဘေးသင့် အသင်းသားများအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး အခက်အခဲများကို အမြန်ဆုံးကျော်လွှားနိုင်ကြပါစေကြောင်း NongHyup Finance Myanmar မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

Scroll to Top