MDအမှာစကား

ကျွန်ုပ်တို့ အကြောင်း

MD

အမှာစကား

မင်္ဂလာပါ။ ကျွန်ုပ်သည် နုန်းယော့ဖ်မြန်မာ၏ ဌာနခွဲအကြီးအကဲ Kim Jong-Keun ဖြစ်ပါသည်။ နုန်းယော့ဖ်သို့ လာရောက်အားပေးကြသော ဖောက်သည်များနှင့် NH မိသားစုဝင်များအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ဦးစွာ ပြောကြားလိုပါသည်။

        ၂၀၁၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော နုန်းယော့ဖ်မြန်မာသည် တောင်သူလယ်သမားများအပါအဝင် တစ်ဦးချင်းဖောက်သည်များအတွက် အသေးစားချေးငွေဝန်ဆောင်မှု အမျိုးမျိုးကို ပံ့ပိုးပေးလျက်ရှိပြီး မြန်မာနိုင်ငံ၏ အသေးစားငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံသည် ကိုရီးယားစစ်ပွဲကာလအတွင်း ကိုရီးယားပြည်သူများ အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့ခဲ့စဉ် တန်ဖိုးရှိသော ဆန်များကို ပံ့ပိုးကူညီပေးခဲ့သည့် မိတ်ဆွေနိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ယနေ့တွင် နုန့်ယော့ဖ်သည် စိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့် ဘဝတိုးတက်ရေးအတွက် ကြိုးပမ်းနေသော ပြည်သူများအား အသေးစားငွေရေးကြေးရေးဝန်ဆောင်မှုများ ပံ့ပိုးပေးခြင်းဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ထိုအချိန်က ဆန်၏တန်ဖိုးကဲ့သို့ အထောက်အကူပြုသော အခန်းကဏ္ဍကို ဆက်လက်ထမ်းဆောင်လျက်ရှိပါသည်။

dm speech kim jong keun
Kim Jong-Keun, Managing Director

        ကိုရီးယားနိုင်ငံ၏ နုန်းယော့ဖ်သည် "100 Years Together" ဟူသော မျှော်မှန်းချက်အောက်တွင် စိုက်ပျိုးရေးကဏ္ဍ၊ ကျေးလက်ဒေသများနှင့် တောင်သူလယ်သမားများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစဉ်တစိုက် ရပ်တည်ဆောင်ရွက်လျက်ရှိပါသည်။ ထိုရည်မှန်းချက်ကို ဆက်လက်အကောင်အထည်ဖော်လျက် နုန်းယော့ဖ်သည်လည်း မြန်မာနိုင်ငံရှိ တောင်သူလယ်သမားများနှင့် ပြည်သူများနှင့်အတူ လက်တွဲဖွံ့ဖြိုးတိုးတက်နိုင်သော ယုံကြည်စိတ်ချရသည့် ဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခုအဖြစ် ခိုင်မာစွာ ရပ်တည်နိုင်ရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

နုန်းယော့ဖ် သို့ လာရောက်အားပေးကြသော ဖောက်သည်များနှင့် NH မိသားစုဝင်များအားလုံးကို ထပ်မံ၍ အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါသည်။ နုန်းယော့ဖ် သည် မြန်မာပြည်သူများအတွက် အကောင်းဆုံးသော ဘဏ္ဍာရေးဝန်ဆောင်မှုများကို ပံ့ပိုးပေးနိုင်သည့် အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နိုင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုအပ်ပါသည်။

ကင်ဂျုံဂွန်း နုန်းယော့ဖ်ချေးငွေလုပ်ငန်း၏ အကြီးအကဲ, အုပ်ချုပ်မှုဒါရိုက်တာ

Scroll to Top