ကုမ္ပဏီသမိုင်းကြောင်း

ကျွန်ုပ်တို့ အကြောင်း

ကုမ္ပဏီသမိုင်းကြောင်း

nhfm entrance name board

ရည်မှန်းချက်ကို အခြေခံ၍ ရှေ့ဆက်လျက်

        နုန်းယော့ဖ်ဘဏ်ကို ကိုရီးယားသမ္မတနိုင်ငံတွင် ၁၉၆၁ ခုနှစ်၌ တည်ထောင်ခဲ့ပြီး ယနေ့တွင် နိုင်ငံ၏ ထိပ်တန်း ဘဏ္ဍာရေးအဖွဲ့အစည်း (၄) ခုအနက် တစ်ခုအဖြစ် ရပ်တည်လျက်ရှိပါသည်။

တောင်သူလယ်သမားများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်တစိုက် အားပေးကူညီလာခဲ့သည့် ရည်မှန်းချက်ကို ဆက်လက်အကောင်အထည်ဖော်လျက် နုန်းယော့ဖ်ချေးငွေလုပ်ငန်း သည် မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ဘဏ္ဍာရေးဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက်ရှိပါသည်။

နုန်းယော့ဖ်ချေးငွေလုပ်ငန်း သည် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်နေ့တွင် ယာယီအသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ကို ရရှိခဲ့ပြီး၊ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့တွင် အမြဲတမ်းလုပ်ကိုင်ခွင့်လိုင်စင်ကို ရရှိခဲ့ပါသည်။လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် (၁၄) မြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ် (၁၁) မြို့နယ်တို့တွင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး၊ ယုံကြည်စိတ်ချရပြီး တာဝန်ယူမှုရှိသော ဘဏ္ဍာရေးဝန်ဆောင်မှုများကို ဒေသခံပြည်သူများထံ ပံ့ပိုးပေးလျက်ရှိပါသည်။

Scroll to Top