အထွေထွေချေးငွေ

အထွေထွေချေးငွေ

ဝန်ထမ်းများအတွက် ဦးစားပေးဖြစ်သည်။

အတိုးနှုန်း တနှစ်ကို ၂၈%

၁၀လကို ၁၀ကြိမ် ညီမျှသော ငွေရင်းအတိုးကို ပြန်ဆပ်ရန်။

အများဆုံးချေးငွေ ပမာဏ – ကျပ်သိန်းနှစ်ဆယ်

အခြေခံလူတန်းစား ဦးစားပေးဖြစ်သည်။

အတိုးနှုန်း တနှစ်ကို ၂၈%

တနှစ်ကို ၁၂ကြိမ် (သို့မဟုတ်) ၂၅ကြိမ် ညီမျှသော ငွေရင်းအတိုးကို ပြန်ဆပ်ရန်။

အများဆုံးချေးငွေပမာဏ – ကျပ်ရှစ်သိန်း

ဝန်ထမ်းချေးငွေ

staff loan

ဦးတည်သူ - လက်ရှိ အလုပ်လုပ်ကိုင်နေသော ပုဂ္ဂလိက ရုံးဝန်ထမ်း၊ အစိုးရဝန်ထမ်းများအတွက် ရည်ရွယ်သည်။

အချိန်ကာလနှင့် ချေးငွေပြန်ဆပ်ရမည့် နည်းလမ်း

ချေးငွေကာလ
ချေးငွေပြန်ဆပ်မှုနည်းလမ်း
အတိုးနှုန်း
လိုအပ်သော စာရွက်စာတမ်း
၁ဝလ
တစ်လ တစ်ကြိမ်၊ စုစုပေါင်း ၁ဝကြိမ် ငွေရင်းအတိုးကို ခွဲဆပ်သွားရန်
တစ်နှစ်ကို ၂၈%
ရပ်ကွက်/ ကျေးရွာ လူကြီး ထောက်ခံစာ၊
မှတ်ပုံတင် မိတ္ထူ ၊
သန်းခေါင်စာရင်း ၊
ဝန်ထမ်း အိုင်ဒီကတ်၊
ဝန်ထမ်းရေးရာ /ဌာနခွဲမန်နေဂျာ ထောက်ခံစာ ၊
(ထောက်ခံစာမရှိလျှင်) Bank Statement

ချေးငွေပမာဏ ကန့်သတ်ချက်

နှစ်အလိုက် ပြောင်းလဲနိုင်သည်။ အများဆုံးခွင့်ပြုသော ချေးငွေပမာဏမှာ ကျပ်သိန်းနှစ်ဆယ်အထိဖြစ်သည်။

ပထမအကြိမ် ချေးငွေထုတ်ယူလျှင် အခြေခံလစာ၏ နှစ်ဆ
ဒုတိယအကြိမ် ချေးငွေထုတ်ယူလျှင် အခြေခံလစာ၏ နှစ်ဆခွဲ
တတိယအကြိမ်နှင့် အထက် ချေးငွေထုတ်ယူလျှင် အခြေခံလစာ၏ သုံးဆ

အနိမ့်ဆုံးခွင့်ပြုလစာပမာဏမှာ ၅ဝ,ဝဝဝ ကျပ်မှ စတင် ခွင့်ပြုသည်။

လစာ အကန့်အသတ်
လစာ အသိအမှတ်ပြုသည့် ပမာဏ
၁ဝဝ,ဝဝဝ ~ ၁၄၉,၉၉၉
၁ဝဝ,ဝဝဝ
၁၅ဝ,ဝဝဝ ~ ၁၉၉,၉၉၉
၁၅ဝ,ဝဝဝ
၂ဝဝ,ဝဝဝ ~ ၂၄၉,၉၉၉
၂ဝဝ,ဝဝဝ

လူမှုဖူလုံရေး ရန်ပုံငွေ အစီအစဉ် : ချေးငွေပမာဏ၏ ဝ.၅%
ဝန်ဆောင်ခနှင့် စာရွက်စာတမ်းကြေး : ချေးငွေပမာဏ၏ ၂.၅%
မဖြစ်မနေ စုဆောင်းငွေ : ချေးငွေပမာဏ၏ ၄%

ဝန်ထမ်းဟုတ်မှန်ကြောင်း စစ်ဆေးမှု

အသင်းသားသည် အလုပ်ခွင်တွင် အလုပ်လုပ်ကိုင်နေခြင်း ရှိ/မရှိကို အလုပ်ခွင်သို့ ဖုန်းဆက်ခြင်းဖြစ်စေ၊ သွားရောက်စစ်ဆေးခြင်းဖြစ်စေ လိုအပ်သလို စစ်ဆေးအတည်ပြုခြင်းကို လက်ခံနိုင်ရမည်။ အတည်ပြုသူက ဝန်ထမ်းဖြစ်ကြောင်း အတည်ပြုလွှာတွင် တံဆိပ်တုံးနှိပ်ကာ လက်မှတ်ထိုး အတည်ပြုပြီးမှသာ ချေးငွေထုတ်ယူရန် လျာထားခြင်းခံရမည်။

 

အဖွဲ့လိုက်ချေးငွေ

general loan

ဦးတည်သူ – အခြေခံလူတန်းစား၊ လူလတ်တန်းစားများအတွက် ရည်ရွယ်သည်။

အချိန်ကာလနှင့် ချေးငွေပြန်ဆပ်ရမည့် နည်းလမ်း

ချေးငွေကာလ
ချေးငွေပြန်ဆပ်မှုနည်းလမ်း
အတိုးနှုန်း
လိုအပ်သော စာရွက်စာတမ်း
၁၂လ
တစ်ပတ်ခြား တစ်ခါ၊ စုစုပေါင်း ၁၂ကြိမ် (သို့မဟုတ်) ၂၅ကြိမ် ငွေရင်းအတိုးအချိုးကျ ခွဲကာ ပေးဆပ်ခြင်း
တစ်နှစ်ကို ၂၈%
ရပ်ကွက်/ ကျေးရွာ လူကြီး ထောက်ခံစာ၊
မှတ်ပုံတင် မိတ္ထူ ၊
အိမ်ထောင်စုစာရင်း
ဓါတ်ပုံ ၂ပုံ

ချေးငွေပမာဏ ကန့်သတ်ချက်

နှစ်အလိုက် ပြောင်းလဲနိုင်သည်။ အများဆုံးခွင့်ပြုသော ချေးငွေပမာဏမှာ ကျပ်(၈)သိန်းအထိ ဖြစ်သည်။

ပထမအကြိမ် ချေးငွေထုတ်ယူလျှင် (၄)သိန်းကျပ်
ဒုတိယအကြိမ် ချေးငွေထုတ်ယူလျှင် (၅)သိန်းကျပ်
တတိယအကြိမ် ချေးငွေထုတ်ယူလျှင် (၆)သိန်းကျပ်
စတုတ္ထအကြိမ် ချေးငွေထုတ်ယူလျှင် (၈)သိန်းကျပ်အထိ ခွင့်ပြုသည်။

ဝန်ဆောင်ခနှင့် စုဆောင်းငွေများ

လူမှုဖူလုံရေး ရန်ပုံငွေ အစီအစဉ် : ချေးငွေပမာဏ၏ ဝ.၅%
ဝန်ဆောင်ခနှင့် စာရွက်စာတမ်းကြေး : ချေးငွေပမာဏ၏ ၂.၅%
မဖြစ်မနေ စုဆောင်းငွေ : ချေးငွေပမာဏ၏ ၄%

Scroll to Top