ထပ်ဆောင်းချေးငွေ

ထပ်ဆောင်းချေးငွေ

lucid origin a modern vectorstyle corporate illustration showi 0

ဦးတည်သူ – General Loan (ယေဘုယျချေးငွေ) ထုတ်ထားပြီး (၅)လ ကြာသွားပြီဖြစ်သော အသင်းသားများ/ လုပ်ငန်းအောင်မြင်မှုအတွက် ဆက်လက်ရင်းနှီးရန် ချေးငွေလိုအပ်သော အသင်းသားများအတွက် ရည်ရွယ်သည်။

အချိန်ကာလနှင့် ပြန်ပေးဆပ်ရမည့် နည်းလမ်း – တစ်ပတ်ခြား တစ်ခါ၊ စုစုပေါင်း ၂၅ကြိမ် ငွေရင်းနှင့် အတိုး အချိုးကျ ခွဲဆပ်သွားရမည်ဖြစ်သည်။

ချေးငွေကာလ
ချေးငွေပြန်ဆပ်မှုနည်းလမ်း
အတိုးနှုန်း
လိုအပ်သော စာရွက်စာတမ်း
၁၂လ
တစ်ပတ်ခြား တစ်ခါ၊ စုစုပေါင်း ၂၅ကြိမ် ငွေရင်းအတိုးအချိုးကျ ခွဲဆပ်ရန်။
တစ်နှစ်ကို ၂၈%
ရပ်ကွက်/ ကျေးရွာ လူကြီး ထောက်ခံစာ၊ မှတ်ပုံတင်မိတ္ထူ၊ ၊အိမ်ထောင်စုစာရင်း၊ ဓါတ်ပုံ ၂ပုံ၊

ချေးငွေပမာဏ ကန့်သတ်ချက် – နှစ်အလိုက် ပြောင်းလဲနိုင်သည်။ အများဆုံးခွင့်ပြုချေးငွေပမာဏမှာ ကျပ်(၄)သိန်းအထိဖြစ်သည်။

  • ပထမအကြိမ် ချေးငွေထုတ်ယူလျှင်(၂)သိန်းကျပ်
  • ဒုတိယအကြိမ် ချေးငွေထုတ်ယူလျှင် (၂)သိန်း(၅)သောင်းကျပ်
  • တတိယအကြိမ် ချေးငွေထုတ်ယူလျှင် (၃)သိန်းကျပ်
  • စတုတ္ထအကြိမ် ချေးငွေထုတ်ယူလျှင် (၄)သိန်းကျပ် အထိ ခွင့်ပြုသည်။
  • လူမှုဖူလုံရေး ရန်ပုံငွေ အစီအစဉ် : ချေးငွေပမာဏ၏ ဝ.၅%

ဝန်ဆောင်ခနှင့် စာရွက်စာတမ်းကြေး : ချေးငွေပမာဏ၏ ၂.၅%

မဖြစ်မနေ စုဆောင်းငွေ : ချေးငွေပမာဏ၏ ၄%

Scroll to Top