အထွေထွေချေးငွေ

အထွေထွေချေးငွေ

ဝန်ထမ်းများအတွက် ရည်ရွယ်သည်။

တနှစ်ကို ၂၈% အတိုးနှုန်းဖြင့် ၁၀လအတွင်း ၁၀ကြိမ် ညီမျှသော ငွေရင်းအတိုးကို ပြန်လည်ပေးဆပ်ရန်ဖြစ်သည်။

အများဆုံးချေးငွေ ပမာဏ – ကျပ်သိန်းနှစ်ဆယ်

အခြေခံလူတန်းစားများအတွက် ရည်ရွယ်သည်။

တနှစ်ကို ၂၈% အတိုးနှုန်းဖြင့် တနှစ်အတွင်း ၁၂ကြိမ် (သို့မဟုတ်) ၂၅ကြိမ် ညီမျှသော ငွေရင်းအတိုးကို ပြန်လည်ပေးဆပ်ရန် ဖြစ်သည်။

အများဆုံးချေးငွေပမာဏ – ကျပ်ရှစ်သိန်း

Staff Loan (General Loan)

lucid origin generate image of staffemployee taking loan from 3

ဦးတည်သူ – လက်ရှိ အလုပ်လုပ်ကိုင်နေသော ပုဂ္ဂလိက ရုံးဝန်ထမ်း၊ အစိုးရဝန်ထမ်းများအတွက် ရည်ရွယ်သည်။

အချိန်ကာလနှင့် ချေးငွေပြန်ဆပ်ရမည့် နည်းလမ်း

ချေးငွေကာလ
ချေးငွေပြန်ဆပ်မှုနည်းလမ်း
အတိုးနှုန်း
လိုအပ်သော စာရွက်စာတမ်း
၁ဝလ
တစ်လ တစ်ကြိမ်၊ စုစုပေါင်း ၁ဝကြိမ် ငွေရင်းအတိုးကို ခွဲဆပ်သွားရန်
တစ်နှစ်ကို ၂၈%
ရပ်ကွက်/ ကျေးရွာ လူကြီး ထောက်ခံစာ ၊ မှတ်ပုံတင် မိတ္ထူ ၊ သန်းခေါင်စာရင်း ၊ ဝန်ထမ်း အိုင်ဒီကတ်၊ ဝန်ထမ်းရေးရာ /ဌာနခွဲမန်နေဂျာ ထောက်ခံစာ ၊ (ထောက်ခံစာမရှိလျှင်) Bank Statement

ချေးငွေပမာဏ ကန့်သတ်ချက် – နှစ်အလိုက် ပြောင်းလဲနိုင်သည်။ အများဆုံးခွင့်ပြုသော ချေးငွေပမာဏမှာ ကျပ်သိန်းနှစ်ဆယ်အထိဖြစ်သည်။

  • ပထမအကြိမ် ချေးငွေထုတ်ယူလျှင် အခြေခံလစာ၏ နှစ်ဆ
  • ဒုတိယအကြိမ် ချေးငွေထုတ်ယူလျှင် အခြေခံလစာ၏ နှစ်ဆခွဲ
  • တတိယအကြိမ်နှင့် အထက် ချေးငွေထုတ်ယူလျှင် အခြေခံလစာ၏ သုံးဆ
  • အနိမ့်ဆုံးခွင့်ပြုလစာပမာဏမှာ ၅ဝ,ဝဝဝ ကျပ်မှ စတင် ခွင့်ပြုသည်။
လစာ အကန့်အသတ်
လစာ အသိအမှတ်ပြုသည့် ပမာဏ
၁ဝဝ,ဝဝဝ ~ ၁၄၉,၉၉၉
၁ဝဝ,ဝဝဝ
၁၅ဝ,ဝဝဝ ~ ၁၉၉,၉၉၉
၁၅ဝ,ဝဝဝ
၂ဝဝ,ဝဝဝ ~ ၂၄၉,၉၉၉
၂ဝဝ,ဝဝဝ

လူမှုဖူလုံရေး ရန်ပုံငွေ အစီအစဉ် : ချေးငွေပမာဏ၏ ဝ.၅%

ဝန်ဆောင်ခနှင့် စာရွက်စာတမ်းကြေး  : ချေးငွေပမာဏ၏ ၂.၅%

မဖြစ်မနေ စုဆောင်းငွေ : ချေးငွေပမာဏ၏ ၄%

*ဝန်ထမ်းဟုတ်မှန်ကြောင်း စစ်ဆေးမှု – အသင်းသားသည် အလုပ်ခွင်တွင် အလုပ်လုပ်ကိုင်နေခြင်း ရှိ/မရှိကို  အလုပ်ခွင်သို့ ဖုန်းဆက်ခြင်းဖြစ်စေ၊ သွားရောက်စစ်ဆေးခြင်းဖြစ်စေ လိုအပ်သလို စစ်ဆေးအတည်ပြုခြင်းကို လက်ခံနိုင်ရမည်။ အတည်ပြုသူက ဝန်ထမ်းဖြစ်ကြောင်း အတည်ပြုလွှာတွင် တံဆိပ်တုံးနှိပ်ကာ လက်မှတ်ထိုး အတည်ပြုပြီးမှသာ ချေးငွေထုတ်ယူရန် လျာထားခြင်းခံရမည်။

အဖွဲ့လိုက်ချေးငွေ

chatgpt image oct 23, 2025, 03 15 13 pm

ဦးတည်သူ – အခြေခံလူတန်းစား၊ လူလတ်တန်းစားများအတွက် ရည်ရွယ်သည်။

အချိန်ကာလနှင့် ချေးငွေပြန်ဆပ်ရမည့် နည်းလမ်း

ချေးငွေကာလ
ချေးငွေပြန်ဆပ်မှုနည်းလမ်း
အတိုးနှုန်း
လိုအပ်သော စာရွက်စာတမ်း
၁၂လ
တစ်ပတ်ခြား တစ်ခါ၊ စုစုပေါင်း ၁၂ကြိမ် (သို့မဟုတ်) ၂၅ကြိမ် ငွေရင်းအတိုးအချိုးကျ ခွဲကာ ပေးဆပ်ခြင်း
တစ်နှစ်ကို ၂၈%
ရပ်ကွက်/ ကျေးရွာ လူကြီး ထောက်ခံစာ မှတ်ပုံတင်မိတ္ထူ အိမ်ထောင်စုစာရင်း ဓါတ်ပုံ ၂ပုံ

ချေးငွေပမာဏ ကန့်သတ်ချက် : နှစ်အလိုက် ပြောင်းလဲနိုင်သည်။ အများဆုံးခွင့်ပြုသော ချေးငွေပမာဏမှာ ကျပ်(၈)သိန်းအထိ ဖြစ်သည်။

  • ပထမအကြိမ် ချေးငွေထုတ်ယူလျှင် (၄)သိန်းကျပ်
  • ဒုတိယအကြိမ် ချေးငွေထုတ်ယူလျှင် (၅)သိန်းကျပ်
  • တတိယအကြိမ် ချေးငွေထုတ်ယူလျှင် (၆)သိန်းကျပ်
  • စတုတ္ထအကြိမ် ချေးငွေထုတ်ယူလျှင် (၈)သိန်းကျပ်အထိ ခွင့်ပြုသည်။

လူမှုဖူလုံရေး ရန်ပုံငွေအစီအစဉ် : ချေးငွေပမာဏ၏ ဝ.၅%

ဝန်ဆောင်ခနှင့် စာရွက်စာတမ်းကြေး : ချေးငွေပမာဏ၏ ၂.၅%

မဖြစ်မနေ စုဆောင်းငွေ : ချေးငွေပမာဏ၏ ၄%

Scroll to Top