img 20260721 151947
ဘဏ်ခွဲမန်နေဂျာများနှင့် ရုံးချုပ်ဝန်ထမ်းများအတွက် စိတ်ဖိစီးမှုကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ရေးသင်တန်း ကျင်းပစဥ်

ဘဏ်ခွဲမန်နေဂျာများနှင့် ရုံးချုပ်ဝန်ထမ်းများအတွက် စိတ်ဖိစီးမှုကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ရေးသင်တန်း

၂၁ ဇူလိုင် ၂၀၂၆

နုန်းယောပ်ဖ့် ဖိုင်းနန့်မြန်မာ မှ ဘဏ်ခွဲမန်နေဂျာများနှင့် ရုံးချုပ်ဝန်ထမ်းများအတွက် စိတ်ဖိစီးမှု စီမံခန့်ခွဲခြင်း သင်တန်း ကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် ဘဏ်ခွဲမန်နေဂျာများအတွက် Zoom Online Training ဖြင့် သင်တန်းကို ကျင်းပပြုလုပ်ခဲ့ပါသည်။

ထို့အပြင် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် ရုံးချုပ်ဝန်ထမ်းများအတွက် မျက်နှာချင်းဆိုင် စိတ်ဖိစီးမှု စီမံခန့်ခွဲခြင်း သင်တန်း ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းမှတစ်ဆင့် သင်တန်းသားများအနေဖြင့်—

  • စိတ်ဖိစီးမှု ဖြစ်ပေါ်စေသည့် အကြောင်းရင်းများနှင့် ၎င်း၏ သက်ရောက်မှုများကို နားလည်သဘောပေါက်စေရန်။
  • စိတ်ဖိစီးမှုကို ထိရောက်စွာ ထိန်းချုပ်စီမံနိုင်ရန် လက်တွေ့အသုံးချနိုင်သည့် နည်းလမ်းများကို လေ့လာနိုင်ရန်။
  • ဘဝ၏တန်ဖိုးကို နားလည်သဘောပေါက်ပြီး စစ်မှန်သော ပျော်ရွှင်မှု၏ အဓိပ္ပာယ်ကို ရှာဖွေတွေ့ရှိနိုင်ရန်။
  • မိမိကိုယ်ကိုနှင့် အခြားသူများအကြား ဆက်သွယ်ပြောဆိုမှု ပိုမိုကောင်းမွန်လာစေရန်နှင့် လုပ်ငန်းခွင်အတွင်း အပြုသဘောဆောင်သော ဆက်ဆံရေးများ တည်ဆောက်နိုင်ရန်။ တို့ကို ရည်ရွယ်၍ သင်ကြားပေးခဲ့ပါသည်။
Scroll to Top