နုန့်ယော့ပ်ဖ်ဖိုင်းနန့် မြန်မာ မှ ဘဏ်ခွဲ (၁၂) နှင့် (၁၃) ရှိ ချေးငွေအရာရှိများအတွက် Loan Officer Refresher Training ကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။.
အဆိုပါမွမ်းမံသင်တန်းသည် ချေးငွေအရာရှိများ၏ ချေးငွေလုပ်ငန်းစဉ်များနှင့် သက်ဆိုင်သည့် အသိပညာနှင့် ကျွမ်းကျင်မှုများကို ပြန်လည်မွမ်းမံတိုးတက်စေရန်၊ လုပ်ငန်းခွင်အတွင်း လက်တွေ့အသုံးချနိုင်စွမ်း ပိုမိုကောင်းမွန်လာစေရန်နှင့် ချေးငွေလုပ်ငန်းများကို သတ်မှတ်ထားသည့် မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများအတိုင်း ထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။
သင်တန်းမှတစ်ဆင့် ချေးငွေအရာရှိများအနေဖြင့် မိမိတို့၏ တာဝန်နှင့် လုပ်ငန်းစဉ်များကို ပိုမိုနားလည်သဘောပေါက်ပြီး ဖောက်သည်ဝန်ဆောင်မှုနှင့် ချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အထောက်အကူပြုခဲ့ပါသည်။
