NongHyup Finance Myanmar မှ သာကေတ မူလတန်းကျောင်းသို့ စာရေးကိရိယာများ ပေးအပ်လှူဒါန်းပွဲ
ရန်ကုန်၊ အောက်တိုဘာ ၂၂၊ ၂၀၂၅
တောင်ကိုရီးယားနိုင်ငံ NongHyup ဘဏ်၏ မြန်မာနိုင်ငံအတွက် လုပ်ငန်းခွဲတစ်ခုဖြစ်သော နုန်းယော့ဖ်ချေးငွေလုပ်ငန်း မှ မန်နေးဂျင်းဒါရိုက်တာ Mr. Kim Jong Keun သည် အောက်တိုဘာလ ၂၂ ရက် (ဗုဒ္ဓဟူးနေ့) တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ အမှတ် (၄၆) မူလတန်းကျောင်းသို့ သွားရောက်ကာ တစ်ကျောင်းလုံးရှိ ကျောင်းသား/သူ စုစုပေါင်း (၁,၁၅၀) ဦးအတွက် ဗလာစာအုပ်နှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းသည့် လူမှုအကျိုးပြုလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါသည်။
ဤအခမ်းအနားကို NGO အဖွဲ့အစည်းဖြစ်သော Korea Food for the Hungry International (KFHI) နှင့်အတူ ပူးပေါင်း၍ မြန်မာနိုင်ငံ၏ အနာဂတ်ကို ဦးဆောင်မည့် ကလေးငယ်များကို အားပေးရန်နှင့် ပညာသင်ယူရန် အခက်အခဲများကြားမှ ပညာသင်ကြားလိုစိတ်ဖြင့် ကြိုးစားနေသည့် ကျောင်းသား/သူများအား လက်တွေ့ကျသော ကူညီပံ့ပိုးမှုများ ပေးအပ်ရန် ရည်ရွယ်၍ စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ပါသည်။
နုန်းယော့ဖ်ချေးငွေလုပ်ငန်း ၏ မန်နေးဂျင်းဒါရိုက်တာ Mr. Kim Jong Keun မှ “မြန်မာကလေးငယ်များ ပျော်ရွှင်ကျန်းမာစွာ ကြီးပြင်းလာရေးအတွက် တစ်စုံတစ်ရာ အထောက်အကူဖြစ်စေဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့ပြီး၊ “ဒီကလေးတွေဟာ ထူးချွန်စွာ ကြီးပြင်းလာပြီး အခြားသူတွေကို ပြန်လည်ကူညီနိုင်မယ့် ကောင်းမွန်တဲ့ လွှမ်းမိုးမှုတွေ ဆက်လက်ပျံ့ပွားသွားဖို့ မျှော်လင့်ပါတယ်” ဟုလည်း ပြောကြားခဲ့ပါသည်။
နုန်းယော့ဖ်ချေးငွေလုပ်ငန်း သည် နောင်တွင်လည်း မြန်မာ့လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ရပ် အနေဖြင့်သော်လည်းကောင်း လူမှုရေးတန်ဖိုးများ ဖော်ဆောင်သော နွေးထွေးသည့် ငွေကြေးအဖွဲ့အစည်း တစ်ရပ်အနေဖြင့်သော်လည်းကောင်း NongHyup ၏ မျှဝေဖေးမလိုသောစိတ်ဓာတ်ဖြင့် မြန်မာပြည်တွင်း လူမှုအကျိုးပြုလုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော်ဆောင်သွားရန် စီစဉ်ထားပါသည်။