လူမှုအကျိုးပြု လှုပ်ရှားမှုများ

20260903 112626

ရေဘေးသင့် အသင်းသားများအား NongHyup Finance Myanmar မှ ကူညီလှူဒါန်းခြင်း

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့မှစတင်၍ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်နှင့် ကျုံပျော်မြို့နယ်တို့တွင် ငဝန်မြစ်ရေမြင့်တက်မှုနှင့် လေးမျက်နှာရေကာတာ ကျိုးပေါက်မှုတို့ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပါသည်။ အဆိုပါ ရေဘေးအခြေအနေများကြောင့် NongHyup Finance Myanmar ၏ အသင်းသားများအနေဖြင့်လည်း အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရှိရပါသည်။ ထို့ကြောင့် ရေဘေးသင့် အသင်းသားများ၏ လတ်တလော စားဝတ်နေရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ NongHyup Finance Myanmar Co., Ltd. မှ ရေကြည်မြို့နယ်နှင့် ကျုံပျော်မြို့နယ်ရှိ ရေဘေးသင့် အသင်းသား (၁,၃၂၇) ဦးအတွက် ခေါက်ဆွဲခြောက်များကို ကူညီလှူဒါန်းပေးခဲ့ပါသည်။ ဤကူညီလှူဒါန်းမှုသည် ရေဘေးသင့် အသင်းသားများအတွက် လတ်တလောလိုအပ်ချက်များကို တစ်စိတ်တစ်ပိုင်း ဖြည့်ဆည်းပေးနိုင်ရန်နှင့် အခက်အခဲကာလအတွင်း အသင်းသားများနှင့်အတူ ရပ်တည်ပေးလိုသည့် NongHyup Finance Myanmar ၏ စိတ်ရင်းစေတနာနှင့် လူမှုအကျိုးပြုစိတ်ဓာတ်ကို ဖော်ပြခြင်းဖြစ်ပါသည်။ “အခက်အခဲကာလတိုင်းမှာ အသင်းသားများနှင့်အတူ ရပ်တည်ပေးနေသော NongHyup Finance Myanmar” ရေဘေးသင့် အသင်းသားများအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး အခက်အခဲများကို အမြန်ဆုံးကျော်လွှားနိုင်ကြပါစေကြောင်း NongHyup Finance Myanmar မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ရေဘေးသင့် အသင်းသားများအား NongHyup Finance Myanmar မှ ကူညီလှူဒါန်းခြင်း ဖတ်ရှုရန်

nhfm donation to behs school

NongHyup Finance Myanmar မှ သာကေတ မူလတန်းကျောင်းသို့ စာရေးကိရိယာများ ပေးအပ်လှူဒါန်းပွဲ

NongHyup Finance Myanmar သည် မြန်မာ့လူ့အဖွဲ့အစည်းအတွက် အဓိပ္ပာယ်ရှိသော လူမှုအကျိုးပြုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရန် ကတိပြုထားပါသည်။ NongHyup ၏ မျှဝေဖေးမလိုသော စိတ်ဓာတ်ကို အခြေခံ၍ လူမှုတန်ဖိုးများ ဖော်ဆောင်ပေးနိုင်သော နွေးထွေးပြီး တာဝန်ယူမှုရှိသည့် ငွေကြေးအဖွဲ့အစည်းတစ်ရပ်အဖြစ် ကျွန်ုပ်တို့ ဝန်ဆောင်မှုပေးနေသော လူမှုအသိုင်းအဝိုင်းများကို ဆက်လက်ပံ့ပိုးကူညီသွားမည် ဖြစ်ပါသည်။

NongHyup Finance Myanmar မှ သာကေတ မူလတန်းကျောင်းသို့ စာရေးကိရိယာများ ပေးအပ်လှူဒါန်းပွဲ ဖတ်ရှုရန်

nhfm head office donation

NongHyup Finance Myanmar မှ မြင်သာမြို့ဦး ကလေးဖွံ့ဖြိုးရေးနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ COVID-19 ကာကွယ်ရေးအထောက်အပံ့ပစ္စည်းများ လှူဒါန်း

မြင်သာမြို့ဦး ကလေးဖွံ့ဖြိုးရေးနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ COVID-19 ကာကွယ်ရေးအထောက်အပံ့ပစ္စည်းများ၊ ငွေကြေးနှင့် အခြားလိုအပ်သည့် ပစ္စည်းများအား NongHyup Finance Myanmar မှ လှူဒါန်းခဲ့ပါသည်။

NongHyup Finance Myanmar မှ မြင်သာမြို့ဦး ကလေးဖွံ့ဖြိုးရေးနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ COVID-19 ကာကွယ်ရေးအထောက်အပံ့ပစ္စည်းများ လှူဒါန်း ဖတ်ရှုရန်

Scroll to Top